သမိုင်းကြောင်းအစ

ကျွန်တော်တို့ Two Birds Manufacturing Co.,Ltd ဟာ(1997)ခုနှစ်တွင်မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊ကံသာယာမြို့သစ်မှာတပိုင်တနိုင်အိမ်တွင်းစီးပွားရေးလုပ်ငန်းအနေနှင့်စတင်လုပ်ကိုင်ခဲ့ကြပါတယ်။ ထိုကဲ့သို့ပြုလုပ်ခဲ့ကြရင်း မှန်ကန်တဲ့စေတနာ၊ကောင်းမွန် သောအရည်အသွေး တို့ကြောင့် လုပ်ငန်းအောင်မြင်တိုးတက်လာပြီး(1999)ခုနှစ်မှာ စက်မှုလုပ်ငန်း အသွင်သို့ ပြောင်းလဲလုပ်ကိုင်နိုင်ခဲ့ပါတယ်။ကုန်ထုတ်လုပ်မှုတိုးတက်လာသည့်နှင့်အမျှ သုံးစွဲဝယ်ယူ ရောင်းချသူများ အဆင်ပြေနိုင်စေရေးအတွက်(2001)ခုနှစ်မှာအရောင်းကားဖြင့်ဖြန့်ချီရောင်းချခြင်းကိုလုပ်ကိုင်ဆောင်ရွက်ခဲ့ကြပါတယ်။